မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သီလင်းကျေးရွာအုပ်စု၊ ခန္တီးလေးကျေးရွာ တောင်သူဦးမြင့်ထူး၏ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ်(၄၈)၊ ရွှေနန်းတော်မျိုးစေ့ထုတ်စိုက်ခင်း မနောသုခ(၂.၀၀ )ဧက စိုက်ကွက်တွင် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးချစ်ဆွေဦးနှင့် ခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးခိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။