ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ခြောက်ထပ်ကြီး ဘုရားကြီးတိုက်သိမ်တော်ကြီးတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲထိ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီသော်နှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်း အသက် (၁၈)နှစ်နှင့်အထက်ရှိသူများ၊ ပထမအကြိမ်ထိုးနှံပြီး ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြသည်။