စမ်းချောင်း ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြခံပညာအထက်တန်းကျောင်းစံပယ်ခန်းမ၌ ယနေ့နံနက်(၀၈:၃၀)နာရီက "ကလေးသူငယ်များအတွက်သဘာဝဘေး အန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးဦးရှိုင်းဝေမိုးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်စန္ဒာဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက အသိပညာပေးဂိမ်းကစားနည်းနှင့် ပစ္စည်းများလက်တွေ့ပြသမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့်ကျောင်းသူ(၁၀၀)ဦးတက်ရောက်ခဲ့ပြီး ဂိမ်းကစားနည်း(၉)မျိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း