ကျိုက်လတ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁ဝ)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုအနေဖြင့် ပြည်သူများစာပေ ဖတ်ရှုလေ့လာခွင့် ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းခဲ့ကြသည်။
အဆိုပါ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်များအား သုတစာအုပ်များ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဥ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်