လပွတ္တာ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သန့်ရှင်းသာယာစေရေးအတွက် ဌာနအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အိမ်အလိုက်၊ ခြံဝန်းအတွင်းအပြင် ခြုံနွယ်များ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၂၅၀ ဦးတို့သည် လပွတ္တာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ
သြဘာလမ်းနှင့် လပွတ္တာ-မြောင်းမြ ကားလမ်းအနီး ပတ်ဝန်းကျင်ရှိ လမ်းတစ်လျှောက်တွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)