မန္တလေး ဒီဇင်ဘာ ၁၅
၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာအုပ်ပြပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန စာကြည့်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ကျောင်းသူများ အားကစားပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်ရွှင်လန်းစေရန်၊ အထိမ်းအမှတ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား လူငယ် မောင်မယ်များ လွတ်လပ်ရေး၏ တန်ဖိုး၊လွတ်လပ်ရေး၏အနှစ်သာရကို သိရှိခံစားပြီး မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းအား သိရှိစေရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအား အစဉ်ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်ရေးကြီး အဓွန့်ရှည်တည်တံ့ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ခွဲ(၂၅)တို့ ပူးပေါင်းပြီး ကျင်းပခဲ့ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)