ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၅

ပုဗ္ဗသီရိမြို့နယ်၊ မိုးသီရိအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းအလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းပါ ၁၁ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍  မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မိုးသီရိအထည်ချုပ်စက်ရုံမှ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ အမှန် ကျား ၂၂ ဦး၊ မ ၁၃၇ ဦး စုစုပေါင်း ၁၅၉ ဦးတို့အား ကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)