တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ FOB ကြီးကြပ်ရေးအဖွဲ့၊ ငါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကော့သောင်း  ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ FOBကြီးကြပ်ရေးအဖွဲ့၊ငါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ကော့သောင်းခရိုင်အတွင်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအချင်းချင်း တစ်ဦးနှင့်တစ်ဦး သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားလျှင် ရေရှည်အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဌာနဆိုင်ရာများဘက်မှလည်း ဖြေလျော့ဆောင်ရွက်ပေးရမည့်များရှိပါကလည်း တတ်နိုင်သမျှ လိုက်လျော့ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခက်အခဲများရှိပါက လည်းတင်ပြ‌စေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က Export တင်ပို့မှုလျော့နည်းလာြခင်းနှင့် ပတ်သက်၍ AVတန်ဖိုးမြင့်တက်နေခြင်းများ၊ တစ်ဖက်နိုင်ငံ ငါးဈေးကွက်ကျဆင်းနေမှုများ၊ ဝါထပ် နှစ်ဖြစ်၍ ရာသီဥတုဆိုးဝါးခြင်းနှင့် ရာသီအလိုက် ငါးဖမ်းလှေအလုံးစုံ မထွက်ခွာနိုင်မှုတို့နှင့် စပ်လျဉ်း၍ တင်ပြခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှ ဖြေလျော့ပေးရမည့် အချက်များနှင့် တင်ပြလာသောအခက်အခဲများကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ဆက်လက်၍ FOB ကြီးကြပ်ရေးအဖွဲ့၊အတွင်းရေးမှူး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွဋ်ကဦးစီးဌာန၏ ချမှတ်ထားသော ညွှန်ကြားချက်များနှင့် ဖြေလျော့ပေးရမည့်အချက်များအား ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပြီး လိုအပ်သည်များရှိပါက အကူအညီတောင်းခံနိုင် ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများ၊ FOBကြီးကြပ်ရေးအဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)