ဝါးခယ်မ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကွမ်းခြံကုန်းကျောင်းတိုက်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်မစ၍ မြို့နယ်သံဃာ့နာယက ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် (ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်) ဥူးသောဘိနှင့် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်(ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်း) ဥူးဝိဇယကတို့မှ ဩဝါဒချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ သံဃာတော် (၉၃)ပါး သင်တန်းတက်ရောက် လျက်ရှိကြောင်းနှင့် နည်းပြအဖြစ် တိုင်းသံဃာ့နာယကဆရာတော် (၂)ပါးနှင့် တိသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုးတို့မှ (၁၇-၁၂-၂၀၂၃)ရက်နေ့မှ(၁၉-၁၂-၂၀၂၃) ရက်နေ့ထိ (၃)ရက်တိုင်တိုင် သင်းတန်းပို့ချ ကျင်းပပြုလုပ်သွားမည့်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)