သာပေါင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အောင်တပ်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က လိုင်းအလိုက် Strip Cropping သီးနှံစုံစိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်လွင်၊ တောင်သူများ၊ ဒေသနေပြည်များနှင့်အတူ အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ ကွင်းအမှတ် (၈၆၃)၊ ဦးပိုင်အမှတ် (၅)၊ (၃)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ လိုင်းအလိုက် Strip Cropping သီးနှံစုံ နှမ်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ ပဲတီစိမ်း၊ ဆီထွက် နေကြာသီးနှံများ (၁)ဧကတွင် စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်