ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတောင်သူဦးသိန်းလွင်စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး တစ်ဧက(၇၅)တင်းထွက်ရှိ

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုး အဓိထားစိုက်ပျိုးကြကြောင်းနှင့်  မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၃)၊ ဦးပိုင်အမှတ်(၇၁) တောင်သူ ဦးသိန်းလွင်စိုက်ပျိုးထားသော ဧရာမင်းစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက(၇၅)တင်း ထွက်ရှိကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရန်အတွက် မှန်ကန်သည့် မျိုးစပါးရွေးချယ်ကာ  သိပ္ပံနည်းကျစိုက်ပျိုးလာကြောင်း  ရိတ်သိမ်းရာတွင်လည်း ရာသီဥတုကြောင့် ပျက်ဆီးဆုံရှုံးမှုမရှိရေး အချိန်တိုတိုနှင့်ဆောင်ရွက်နိုင်သည့် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုလာကြကြောင်း  စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ပျိုးထောင်စိုက်ပျိုးရာတွင် စပါးတစ်ဧက မျိုးဖိုးနှင့်မြေပြင်၊ ပျိုးထောင်/ ပျိုးနုတ်/ ပျိုးသယ်၊ စိုက်ပျိုး၊ မြေဩဇာ၊ ဖျန်းဆေး၊ တစ်မန်းနိုး၊ ပေါင်းနုတ်၊ ရိတ်သိမ်းခြင်း စုစုပေါင်း ငွေကျပ်(၅၇၀၀၀၀)ကျော် ကုန်ကျကြောင်းနှင့် အထွက်နှုန်းအနေဖြင့်  တစ်ဧကစပါး(၉၅)တင်း ထွက်ရှိကြောင်း တောင်သူဦးသိန်လွင်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် ဇော်ဂျီ၊ ကင်းတား၊ သစ်တက်ကုန်း၊ ဆည်ရေများအပြင် မိုးကောင်းရေသောက်စနစ်၊ မြေအောက်စက်ရေတွင်းစနစ်များဖြင့် နေရာဒေသအလိုက် အမျိုးမျိုးစိုက်ပျိုးရာ ၂၀၂၃-၂၀၃၄ ခုနှစ် မိုးရာသီတွင် စပါးစိုက်ဧက စုစုပေါင်း (၅၂၈၁၇)ဧက  စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သက်မောင်ခရိုင်(ပြန်/ဆက်)