တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ရှောင်တခင်စစ်ဆေး

တံတားဦး ဒီဇင်ဘာ  ၁၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ရှောင်တခင် စစ်ဆေးခြင်းနှင့်အတူ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို တံတားဦး-မြို့သာကားလမ်းမကြီးအပေါ် သာယာဦးဂိတ်အနီး ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာသို တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့အဝင်များ၊ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ တံတားဦးမြို့မှ ရဲအုပ်မင်းအောင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့်  အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းပြီးမောင်းနှင်ခြင်း ရှိ၊ မရှိ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား  ယာဉ်မောင်းများ လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် တပ်ဆင်စီးနင်းကြရန် ဒါ့အပြင် ၂၀၂၀-ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများ၊ မော်တော်ယာဉ်မောင်းနှင်နေစဉ်အတွင်း လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍  မော်တော်ယာဉ်ကို မောင်းနင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ  အသက်ကယ်ကယ်ထိုင်ခုံ ခါးပတ် ပတ်ထားရှိ၊ မရှိ မော်တော်ယာဉ်မောင်းနင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနင်ခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာများနှင့် ကိုက်ညီသည့် ပြစ်ဒဏ်များ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)