လားရှိုး ဒီဇင်ဘာ ၁၈
မြန်မာပြည်အလယ်ပိုင်းဒေသထွက် ပဲမြစ်များ လားရှိုးမြို့တွင် ဈေးကောင်းရလျက်ရှိနေပြီး ရောင်း ကောင်းလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ စိုက်ပျိုးဖြစ်ထွန်းသည့် ပဲမြစ်များကို တင်ပို့ရောင်းချလျက်ရှိကြရာ ယခင်နှစ်ထက်ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
“အရင်နှစ်ကတော့ သယ်ပို့စရိတ်က သက်သာတာပေါ့။ ဒီတစ်နှစ်မှာတော့ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကုန်စည်တင်ပို့မှုက တိုက်ရိုက်မရသေးတော့ သယ်ပို့စရိတ်က အရင်ကထက် သုံးဆလောက်ခုန်တက်သွားတယ်။ ဒါကြောင့် ပဲမြစ်ဈေးကအရင်နှစ်ကထက် ဈေးပိုရပေမယ့် အမြတ်အစွန်းကတော့ နည်းတာပေါ့ ။” ဟု ဈေးသည်တစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် အစားအစာများဖြစ်သည့် ပဲမြစ်၊ ထန်းပင်မြစ်များကို ရောင်းချလေ့ရှိကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)