လားရှိုးမြို့သို့ ရောက်ရှိနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လားရှိုး ဒီဇင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိစဉ် ထောက်ပံ့ပေးအပ်ခဲ့သည့် စားသောက်ဖွယ်ရာများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်များမှ လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လားရှိုးမြို့သို့ ရောက်ရှိစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ခြင်းနှင့်စပ်လျဉ်း၍  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး တင့်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်လှူဒါန်းရာ ပြည်နယ်ဒုတိယအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အတွက် ခေါက်ဆွဲခြောက် (၂၂၄၀)ထုပ်၊ ငါးသေတ္တာဘူး(၂၂၄၀)ဘူး၊ စားသုံးဆီ(၅၆၀)ပိဿာ၊ ကြက်ဥ(၃၃၆၀၀)လုံးနှင့် မရွေးမုန့်များ(၁၁၂၀)ထုပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုင်းထွန်း(လားရှိုး)