သံတောင်ကြီး ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့်ခရစ္စမတ်နေ့အခမ်းအနားကို ကြိုဆိုသောအားဖြင့် သံတောင်ကြီးမြို့ရပ်ကွက်အသီးသီးရှိ ဓမ္မပညာကလေးငယ်များ၏ စုပေါင်းခရစ္စမတ်အခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရပ်ကွက် (၄)ရှိ ဓမ္မပညာကလေးများက ခရစ္စမတ်သီချင်းသီဆိုပြီး ဆရာတော်ဘွယ်ထူးက ဆုတောင်းမေတ္တာပို့သ ပေးခဲ့သည်။ ဆက်လက်ပြီး ဆရာတော်ဘိုသာက ခရစ္စမတ်နှင့်ပတ်သက်သည့်တရားဒေသနာများကို ဟောပြောပေးခဲ့ပြီး ရပ်ကွက်အသီးသီးရှိ ဓမ္မပညာကလေးငယ်များ၏ ခရစ္စမတ်ပြဇာတ်တိုများ၊ တေးသရုပ်ဖော်များကိုပြသ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိသတ်နှင့် ဓမ္မပညာကလေးများအား ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်က အမှတ်တရ လက်ဆောင်ပေးဝေခဲ့ကြောင်း သိရသည်။
နော်နော်မူ