ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၈

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရွေ့လျားမော်တော်ယာဉ်ကို အသုံးပြု၍စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ   ဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)