မိုးနဲမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်()အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက လူငယ်နှင့်အားကစားဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားဆိုင်ရာအ‌ထောက်အကူပြုပစ္စည်းများကို မြို့နယ်အားကစားမှူးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)