မက်မန်းမြို့နယ်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းဖွင့်လှစ်

မက်မန်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ပြည်သူ့ဆေးရုံတွင်ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းအား ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက လူထုကျန်းမာရေးအားတိုးမြှင့်နိုင်ရေးအတွက် မက်မန်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုများ၊ သားဖွားဆရာမများအား လုပ်ငန်းခွင်အတွင် ကျန်းမာရေးရှောက်စောင့်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။ သင်တန်းတွင် မက်မန်းမြို့နယ်အတွင်းရှိ သူနာပြုများ၊ သားဖွားဆရာမ(၁၃)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဒီဇင်ဘာ(၁၉)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)