ကွန်ဟိန်း ဒီဇင်ဘာ ၁၈
ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ရာသီမရွေးသွားလာမှု အဆင်ပြေစေရေး၊ လမ်းပေါ်သို့ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း အ.မ.က (၁) ကျောင်းလမ်းပေါ်ရှိ သစ်သားတံတာအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၁ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က တံတားသစ်တည်ဆောက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်တင်မည့် ကွန်ကရစ်တံတားမှာ အလျား ၁၅ ပေ၊ အနံ ၈ ပေ၊ အမြင့် ၄ ပေခန့်ဖြစ်ပြီး အမှတ် (၃) ရပ်ကွက်နေ ဦးစိုင်းကောလိန်+ဒေါ်နန်းအိန်း မိသားစုမှ အကုန်အကျခံ လှူဒါန်းပေးသွားမည်ဖြစ်ပြီး ရပ်ကွက်နေပြည်သူများက လုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်