သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သာစည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာရေးဆရာများနှင့် စာပေဝါသနာရှင်များ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်)က သိင်္ဂါရကြယ်ခေါင်းစဉ်ဖြင်အက်ဆေး၊ စာရေးဆရာငုပန်း (တောင်သာ)က သဘာဝအလွန်စေတီနှင့် ထူးခြားခရီးစဉ်များ ခေါင်းစဉ်ဖြင့်ဆောင်းပါး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်က နှလုံးသားကိုဗဟိုပြု၍ တိုက်ခတ်ခဲ့သော ဝတ္ထုတိုခေါင်းစဉ်တို့ဖြင့် ကိုယ်တိုင်ရေးသားထားသည်များကို ဖတ်ကြားမျှဝေရာ စာရေးဆရာဝေးရင့်သီ၊ စာရေးဆရာအလင်းချို (သာစည်)နှင့် စာရေးဆရာများက အဆိုပါ ခေါင်းစဉ်များတွင်ပါရှိသော အကြောင်းအရာများနှင့် ရသစာပေများကို အပြန်အလှန် ဆွေးနွေးကြသည်။ အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာ ဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအားမျှဝေပေးပြီး စာဖတ်ကြရန် တိုက်တွန်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)