ဗဟန်းမြို့နယ်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ဆိုး​ဆေး အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်

ဗဟန်း ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ဗဟန်းမြို့မဈေးအတွင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကိုဗစ်-၁၉ ရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများ၊​ စျေးရောင်းသူ ဝယ်သူများအား ဝေငှ​ပေးခြင်းနှင့် စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေး သုံးစွဲခြင်းမရှိစေရန် အသိပညာပေးခြင်းတို့ကို ယမန်​နေ့နံနက် ၇ နာရီက ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာ​ရေး ဦးစီးမှုးနှင့် ကျန်းမာ​ရေးဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံ ရုံးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်