ညောင်တုန်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယစ်မျိုးဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ယစ်မျိုးဆိုင်ရာ ညွှန်ကြားချက်များနှင့် ပတ်သက်သည့် အချက်များ၊ ယစ်မျိုးရောင်းချရာတွင် Social Media များ၌ ကြော်ငြာရောင်းချခြင်းမပြုရေးနှင့် ယစ်မျိုးဆိုင်ရာ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်က ယစ်မျိုးလိုင်စင်ဆိုင်များအနေဖြင့် ယစ်မျိုးလိုင်စင်အလိုက် ရောင်းချရမည့် အမျိုးအစားများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ စည်းကမ်းချက်များနှင့် မလျော်ညီသည့် ယစ်မျိုးဆိုင်များအား အရေးယူနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် ယစ်မျိုးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)