လပွတ္တာ ဒီဇင်ဘာ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသားများအား အတွေးအခေါ်ဗဟုသုတများ ရရှိတိုးပွားလာစေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေလယ်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဟန်ဝင်းမောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမူတားစီးကာကွယ်ရေး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ငွေက အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝါဝါသိန်းက ငါးသယံဇာတပေါများရေး စသည့်အကြောင်းများနှင့် အသိပညာပေးဆွေးနွေးရာ တက်ရောက်လာသည့် သင်တန်းသူ၊ သင်တန်းသားများက သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူနှင့် စက်မှုလက်မှုသင်တန်းကျောင်း သင်တန်းသား စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ ပြန်/ဆက်