စဉ့်ကိုင် ဒီဇင်ဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲမှ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည် တက္ကသိုလ်တွင် ယနေ့နံနက် (၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမြင့်ရီက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲနှင့်ပတ်သတ်သည့် အမှတ်ပေး စည်းကမ်း/စည်းမျဉ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုစတင်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ မော်ကွန်းထိန်း ဒေါ်ယဉ်စံပယ်လှိုင်က လွတ်လပ်ရေးနေ့နှင့် ပတ်သတ်သည့် ခေါင်းစဉ်များအား မဲနှိုက်ရွေးချယ် ပေးခဲ့၍ ပြိုင်ပွဲဝင်ကျောင်းသား/သူ (၁၁)ဦးတို့က မိမိကျရာ ခေါင်းစဉ်များအလိုက် အလှည့်ကျ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ရီရီဦး၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြင့်ရီ၊ ပါမောက္ခများ၊ သက်ဆိုင်ရာဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)