ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းအတွင်း စိုက်ပျိုးမွေးမြူရေး တွဲဖက်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများနှင့် တွေ့ဆုံ၊ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

မြစ်ကြီးနား  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းရှိ စိုက်ပျိုးမွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများ၏ ခြံများသို့ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပမ္မတီးရပ်ကွက်အတွင်းရှိ ရွှေအိုက်ကွင်း၊ ကွင်းအမှတ် (၇၅)ရှိ တောင်သူ ဦးမာယော၏ ခြံ၌ ခြံလှောင်စနစ်ဖြင့် ဒေသဆိတ်၊ နွားနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများ၊ ငါးကန်၌ ငါးများမွေးမြူထားရှိမှု အခြေအနေများနှင့် ခြံဝင်းအတွင်း ပဲအမျိုးမျိုး၊ ကိုက်လံ၊ မုန်ညှင်း၊ ခရမ်းချဉ်သီး စသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ခြံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ ခြံဝင်းအတွင်း ရွှေအိုက်ကွင်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ခြံစိုက်တောင်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ခြံစိုက်တောင်သူများအနေဖြင့် ဒေသတွင်း ဟင်းသီး ဟင်းရွက်စားသုံးမှု ဖူလုံစေရေး စိုက်ပျိုးဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး တိုက်ရိုက်အကျိုးပြုနေသူများဖြစ်သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် ခြံစိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေရရှိရေး၊ မွေးမြူရေး လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိရေးနှင့် ငါးမွေးလိုသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ဖြင့်  ငါးကန်များ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာအကူအညီရရှိရေး စသည့် လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပမ္မတီးအနောက်မြောက်ကွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အသားစား ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးအောင်မင်း၏ ကြက်ခြံသို့ သွား ရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြက်ကောင်ရေ (၄၀၀၀)ကျော်မွေးမြူထားရှိမှု အခြေ အနေများနှင့် ဈေးကွက်တင်ပို့ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည် များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အဆိုပါကွင်းအတွင်း ရာသီပေါ်သီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေး နိုင်ရေးနှင့် ဟင်းသီးဟင်းရွက်စိုက် တောင်သူများအား ပံ့ပိုးကူညီအားပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ စည်ပင်သာယာမြစ် ဆိပ်အနီး ကမ်းနားလမ်းတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်းများ၊ စိမ်းလန်း စိုပြေရေး ဝန်ထမ်းများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပလပ်စတစ်အမှိုက်များ ကောက် ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)