သတင်းများ

လားရှိုးမြို့နေ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နေ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့်တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များက လိုအပ်သည်များ လာရောက်လှူဒါန်း
Dec 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းမြို့အသီးသီးတွင်ရောက်ရှိနေကြသည့်  ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်  လိုအပ်သည်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့မှ စေတနာရှင် အလှူရှင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့  နံနက်ပိုင်းတွင် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်တွင် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆောင်းကုလားပဲသီးနှံများ နတ်မောက်မြို့နယ်တွင် စိုက်ပျိုး
Dec 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများကို ဒီဇင်ဘာလပထမပတ်မှစ၍ စိုက်ပျိုးခဲ့ရာ ယခုအခါ စိုက်ပျိုးမှုပြီးစီးသလောက် ရှိနေကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၃ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ မူလတန်းကြို ကျောင်းရင်သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်
Dec 22,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ရင်သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ​ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီ အချိန်က စက်သစ်ရပ်ကွက် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ် ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေး သဲစုပ်သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 22,2023
မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဝန်ထမ်းများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့‌ရှေ့ ဧရာဝတီမြစ်ကြောင်းအတွင်း ရေစီးရေ‌လာကောင်းမွန်စေရေး သဲစုပ်သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 22,2023
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Dec 22,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။