သံဖြူဇရပ်မြို့နယ်၊ မူလတန်းကြို ကျောင်းရင်သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ရင်သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ​ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီ အချိန်က စက်သစ်ရပ်ကွက် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ရိုးရိုးအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရောင်​ရွေးခြယ်ပြိုင်ပွဲ၊ ဦးထုတ်ဆောင်းပြိုင်ပွဲ၊ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ ရေပုလင်းဖြည့်ပြိုင်ပွဲ၊ ကြိုးသီ(ကျား/မ)စသည့် ပြိုင်ပွဲ(၇)မျိုးကို ပြိုင်ပွဲဝင် ရင်သွေးငယ် (၁၈၃)ဦးတို့မှ ပါယှဥ်ပြိုင်ခဲ့ကြပြီး ဆုရ ရင်သွေးငယ်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘဆရာ အသင်းအမှုဆောင်များနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)