Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုကိုကြည့်ရှုအားပေး
Dec 22,2023
နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ခုတင်(၃၀၀)ဆေးရုံကြီးနှင့် လယ်ဝေးခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖြုတ်ခွဲ၊ လယ်သာ၊ ညောင်လူး၊ ဝဲကြီး၊ ငါးစိမ်းအင်း ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ၂၀၂၃ -၂၀၂၄ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းများ ပြုလုပ်
Dec 22,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စစ်ဆေးခြင်းစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်း (မုဒုံ)တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ
Dec 22,2023
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့်ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်နှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မင်္ဂလာခန်းမတွင် ကျင်းပရာ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌဦးတင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဆန်းလင်းနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဆင်သေချောင်းတံတား(ကျောက်ချက်) အသစ်တည်ဆောက်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပျဉ်းမနားမြို့နယ် အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး
Dec 22,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်းလမ်းဆုံ(Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် လမ်းပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 22,2023
၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် (၁၀)ရက်နေ့တွင်ကျရောက်မည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191)stickerများ ကပ်ခြင်း ဆောင်ရွက်
Dec 22,2023
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191)stickerများ ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်း၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Dec 22,2023
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8223
Page
8224
Page
8225
Page
8226
Current page
8227
Page
8228
Page
8229
Page
8230
Page
8231
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department