လားရှိုး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နေ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့်တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် တပ်မတော်သားများက လားရှိုးမြို့၊ အမှတ် (၁)ရပ်ကွက် ဓမ္မာရုံအနီးတွင် ဒေသခံပြည်သူများအတွက် ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်သားများအနေဖြင့် အခါအားလျော်စွာ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)