ဆောင်းကုလားပဲသီးနှံများ နတ်မောက်မြို့နယ်တွင် စိုက်ပျိုး

နတ်မောက် ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများကို ဒီဇင်ဘာလပထမပတ်မှစ၍ စိုက်ပျိုးခဲ့ရာ ယခုအခါ စိုက်ပျိုးမှုပြီးစီးသလောက် ရှိနေကြောင်း သိရသည်။

နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာရှိ ယင်းဝင်လယ်မြေများတွင် တောင်သူအားလုံးက ကုလားပဲသီးနှံများကို အပြည့်အဝေစိုက်ပျိုးကြကြောင်း၊ ထွန်ရေးကြမ်းတမ်းသည့်လယ်မြေများတွင်မူ ကုလားပဲအပင်ပေါက်နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်အပင်ပေါက်ခဲ့ပြီး ကျန်တောင်သူအချို့၏လယ်မြေများတွင် ရာနှုန်းပြည့်အပင်ပေါက်ကြကြောင်း ဆောင်းကာလနှင်းကျမှုကြောင့် ကုလားပဲသီးနှံများ ရှင်သန်ဖြစ်ထွန်းနိုင်ကြောင်း ကုလားပဲမျိုးအနေဖြင့် ရွှေဝါလုံးကြီး၊ ရွှေဝါလုံးသေး၊ ကုလားပဲအဖြူမျိုးများကို စိုက်ပျိုးသူများပြားပြီး ရေဆင်းအုပ်စုဝင် ကုလားပဲမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း တောင်သူကိုမျိုးမင်းထိုက်က ပြောသည်။

မူမူစန်း