သတင်းများ

တွံတေးမြို့ စည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တွံတေးမြို့ စည်ပင်သာယာစျေးအား ယမန်နေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာစျေး မီးဘေးလုံခြုံရေးအတွက် မီးသတ် ရေကန်များ၊ ရေစုကန်များ၊ မီးချိတ်၊ မီးကပ်၊ရေပုံးသဲပုံးထားရှိထားမှုနှင့် မီးသတိမူရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ ဒီဇင်ဘာစတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်၌ ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၆)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံ​တေးမြို့နယ် အ.ထ.က(ခွဲ) ကျွန်းတောကျောင်းတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းတော)တို့ ပူးပေါင်းကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(ခွဲ) ကျွန်းတော၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ စုရပ်မှစတင်ကာ ခရိုင်ပြည်သူ့အားကစားကွင်းထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြသည်။
ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကျင်းပ
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီ၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက သေနတ်ပစ်ဖောက်တာလွတ်ကာဦးဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ၊ သင်္ဃန်ကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ၊ အား/ကာသိပ္ပံမှ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားဖွံဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ပြည်သူများက ပျော်ပျော်ပါးပါးစုပေါင်းလမ်းလျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 23,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင် ပြည်သူများ၏ မြန်မာအီလက်ထရောနစ် စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ကော့မှူးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ပြည်သူများကျန်းမာကြံခိုင်ပြီး အားကစား၏ စိတ်ဓာတ်များ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ်ကို ယနေ့ နံနက်(၅)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။