ခမောက်ကြီးမြို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191)stickerများ ကပ်ခြင်း ဆောင်ရွက်

ခမောက်ကြီး ဒီဇင်ဘာ ၂၂

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအဖြစ်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191)stickerများ ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးမင်းထိုက်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းမကြီး၌ ခရီးသွားလာနေကြသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေသည့် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မော်တော်ယာဉ်များ၊ ကုန်စုံဆိုင်များ၊ ဆီဆိုင်များတွင် မီးလောင်ကျွမ်းမှု တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ ချက်ချင်းအကူအညီ တောင်းခံနိုင်ရန်အတွက် အရေးပေါ်ဖုန်းခေါ်ဆိုနိုင်ရန်  (191)စတေကာများ ကပ်နှိပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)