မြစ်ကြီးနား ဒီဇင်ဘာ ၂၂
၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် (၁၀)ရက်နေ့တွင်ကျရောက်မည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အဆိုပါအထိမ်းအမှတ်နေ့များတွင် အားကစားဆပ်ကော်မတီအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆပ်ကော်မတီများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆပ်ကော်မတီအသီးသီးမှ နည်းပြများက အဆိုပါအထိမ်းအမှတ်နေ့များအတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ဘတ်ဂျက်ရာထားမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ(၂၀)ကျော် တက်ရောက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)