သတင်းများ

ပွင့်ဖြူမြို့နယ်တွင် အခွန်ဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 05,2025
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့်ပတ်သက်ပြီး  အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက် အခွန်ဆိုင်ရာအကြောင်း အသိပညာပေးရှင်းလင်းဟောပြောပွဲကို  ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်
Jun 05,2025
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ ပထမပြန်နှင့်ပါဌိပထမပြန်စာမေးပွဲများဖြေဆို
Jun 05,2025
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပထမပြန်နှင့် ပါဌိပထမပြန်စာမေးပွဲများကို ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်သာသနာ့ဗိမ္မာန် ၌ ဖြေဆိုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက်
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူ (၂၂၃၂၆)ဦး ပျော်ရွှင်စွာဖြင့် ပညာသင်ကြား
Jun 05,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ(၂၂)ရက်နေ့မှစတင်ကာ ဇွန်လ(၁)ရက်နေ့အထိ  ကျောင်းအပ်လက်ခံ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၈)နာရီ၄၅)အချိန်မှစတင်ကာ ကျောင်းသား/ ကျောင်းသူကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လိန်တောကြိုးပြင်ကာကွယ်တော၌ ခရိုင်အဆင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာကန် ရေဝေရေလဲဧရိယာအတွင်း ကျရောက်သော လိန်တောကျေးရွာအုပ်စု လိန်တောကြိုးပြင်ကာကွယ်တော၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် ခရိုင်အဆင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး
Jun 05,2025
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၃ ရက်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေး‌ပေးခဲ့‌ သည်။