သတင်းများ

လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ဇွန်လ ၄ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအား နိုင်ငံတော်မှ ချီးမြှင့်သည့် ထောက်ပံ့ငွေများ ပေးအပ်
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံ‌တော်မှ ချီးမြှင့်သည့် ထောက်ပံ့ငွေများ ပေးအပ်‌ခဲ့သည်။
ညောင်ဦးမြို့နယ်၌ ပလတ်စတစ်အစားထိုးအိတ်များနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 05,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်လမ်းဆုံများတွင် ပလတ်စတစ် အစားထိုးအိတ်များ၊ ပလတ်စတစ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့ နေ့လယ်(၁၂း၀၀)နာရီ အချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၅ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
Jun 05,2025
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ်(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၈နာရီတွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူခရိုင်အဆင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြား
Jun 05,2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်အဆင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပူးတွဲတတိယဆုရရှိခဲ့သည့် ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ် ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ (၄) ရက်နေ့ မွန်းလွဲ (၂:၃၀) နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။