မိတ္ထီလာ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အစိုးရနည်းပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားသည်။ ထိုနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သော ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) တို့က ပေးပို့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ပြသသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့်ပတ်သက်သော ဉာဏ်စမ်းမေးခွန်းများကို တက်ရောက်လာကြသည့် ကျောင်းသူ၊ကျောင်းသားများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက မေးမြန်းခဲ့ပြီး အဖြေမှန်ဖြေဆိုနိုင်သူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးစုပေါင်းကမ်ပိန်းများ၊ အသိပညာပေးဟောပြောပွဲများ နှင့် အ.လ.က(ခွဲ) ရန်မျိုးအောင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတို့ကိုလည်း မြို့နယ်အတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ