ကျိုက်ထို ဇွန် ၅
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၃ ရက်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ သည်။
ချေးငွေထုတ်ချေးရာတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးသန်းထွန်းက ယခုနှစ်တွင် ထုတ်ချေးပေးသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား သတ်မှတ်ထားသည့် ကာလတွင် အပြေအကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၂၀၂၄ ခုနှစ်အတွက်ပေးဆပ်ရန်ကျန်ရှိသောတောင်သူများအနေဖြင့်အမြန်ဆုံးပေးဆပ်ကြရန်မှာကြား၍အပြေအကျေပေးဆပ်ပြီး တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျိုက်ထိုမြို့နယ်အတွင်း အပြေအကျေပေးဆပ်ပြီး တောင်သူ(၈၆၀)ဦးအား မိုးစပါးသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံးမိုးစပါးဧက(၁၀)ဧကအတွက် ငွေကျပ်ပေါင်း(၁၅၀၀၀၀၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း၊ ပြန်လည်ပေးဆပ်ရန်ကာလမှာ ၂၀၂၆ ခုနှစ်ဧပြီ ၃၀ ရက် နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ(၈၆၀)ဦး၏ လယ်ဧက(၅၆၀၀)အတွက် ငွေကျပ်(၈၄၀၀.၀၀)သိန်းအားထုတ်ချေးပေးခဲ့ကြောင်း ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှသိရသည်။
ဝင်းမောင်(ကျိုက်ထို)