စလင်း ဇွန် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ(၂၂)ရက်နေ့မှစတင်ကာ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၈)နာရီ၄၅)အချိန်မှစတင်ကာ ကျောင်းသား/ ကျောင်းသူကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မေလ(၂၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းအသီးသီးတို့တွင် ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၉၂၇၇)ဦး ကျောင်းအပ်ပြီးစီးခဲ့သည်။ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၀၈)ကျောင်းရှိရာမှ၊ (၁၇၇)ကျောင်းသာဖွင့်လှစ်နိုင်ခဲ့ပြီး မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၁၄၁၂၆)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၅၆၀၈)ဦး၊ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၂၅၉၂)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၂၂၃၂၆)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်လွင်(စလင်း)