သတင်းများ

မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြမည့်ဆရာတော်သံဃာတော်များ၊ မြို့နယ် သံဃာ့နာယက သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့မင်းကုန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ပန်းခင်းအဆင့်-၃ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်ရှိ စစ်ကိုင်း-မန္တလေးလမ်း၊ ကပ်လွတ်ဓမ္မာရုံတွင် ယနေ့နံနက် ၁၁ နာရီအချိန်က လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့်-၃နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက်နေမှုအား လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
လိပ်သိုဒေသတွင် ဇရစ်ရိုးများလှိုင်လှိုင်ပေါ်ချိန် ခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Jun 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ရာ မိုးရာသီကာလတွင် စမ်းချောင်းငယ်များနှင့် မြစ်များနံဘေး၌ ဇရစ်ရိုးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာသင်ကြားသင်ယူနေမှုအား ကြည့်ရှုစစ်ဆေး
Jun 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စာသင်ယူနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူတို့က ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း
Jun 05,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးတစ်ဧက တင်းတစ်ရာနှုန်းထွက်ရှိရေး ၁၀ ဧကစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နားခိုမြောက်ကွင်း၊ ကွင်းအမှတ် (၁၇)၊ ဦးပိုင်အမှတ်(၄)၊ တောင်သူ ဦးကိုက်ကျော်ပိုင်စံပြကွက်၌ ပြုလုပ်သည်။
သာယာဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများသို့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံနှိုးဆော်
Jun 05,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၊ကမ်းပြိုကျေးရွာ၊ဘိုကုန်းကျေးရွာ၊ရွာသစ်ကျေးရွာ၊စံရွေးကျေးရွာအုပ်စု၊စံရွေးကျေးရွာ၊မာလကာကုန်းကျေးရွာ၊ညောင်သာယာကျေးရွာ၊အရှေ့လက်ပံခုန်၊အနောက်လက်ပံခုန်၊အိပ်လဟာကျေးရွာများအတွင်းရှိ မြစ်မခမြစ်ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင် ရွက်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
လဲချားမြို့နယ်တွင် ၆၆/၆ အခြားမြို့နယ်၊ ၆၆/၆ မရှိနှင့် (နိုင်)မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jun 05,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ၆၆/၆ အခြားမြို့နယ်၊ ၆၆/၆ မရှိနှင့် (နိုင်)မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၁ ၊၂၊ ၃၊ ၄ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။