ပွင့်ဖြူ ဇွန် ၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့်ပတ်သက်ပြီး အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက် အခွန်ဆိုင်ရာအကြောင်း အသိပညာပေးရှင်းလင်းဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဇာလီဖြိုးက အခွန်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရှိလိုက်နာနိုင်ရန် ထုတ်ပြန်ထားသော တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းစဉ်များ၊ အခွန်ဆောင်ရန် ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ စသည့် အခွန်ဆိုင်ရာများကို အခွန်ထမ်းပြည်သူများအား ရှင်းလင်းဟောပြောပြီး ဟောပြောပွဲတက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို အသေးစိတ် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)