ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ပန်းခင်းအဆင့်-၃ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ပြည်ကြီးတံခွန် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်ရှိ စစ်ကိုင်း-မန္တလေးလမ်း၊ ကပ်လွတ်ဓမ္မာရုံတွင် ယနေ့နံနက် ၁၁ နာရီအချိန်က လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့်-၃နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက်နေမှုအား လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့် ဝန်ထမ်းများက ပန်းခင်းအဆင့်-၃ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်မှုများအား ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)