လိပ်သို ဇွန် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ရာ မိုးရာသီကာလတွင် စမ်းချောင်းငယ်များနှင့် မြစ်များနံဘေး၌ ဇရစ်ရိုးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများက သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများကို လိုက်လံချိုးယူပြီး မိသားစုစားသုံးရန်အပြင် ပိုလျှံသော ဇရစ်ရိုးများကို တစ်စီးလျှင် (၅၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-)ဖြင့် လိုက်လံရောင်းချကြကြောင်း သိရသည်။
ဇရစ်ရိုးများကို သုပ်စား၍လည်းကောင်း၊ ဟင်းချိုအဖြစ်လည်းကောင်း၊ ထောင်းစား၊ ကြော်စား၍လည်းကောင်း၊ ငါး၊ ပုစွန်နှင့် ရောချက်၍လည်းကောင်း နှစ်ခြိုက်စွာ ဝယ်ယူပြုလုပ်စားသုံးကြကြောင်း ဇရစ်ရိုးလိုက်လံရောင်းချသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
ခင်လေးနွယ်