ချမ်းမြသာစည်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်‌ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအနက်မှ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်အတွင်း နေထိုင်နေသည့်  ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအလိုက် လူဦးရေ(၅၇) ဦးအား  လူတစ်ဦးလျှင် တစ်လငွေကျပ် ၂ သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ (၂) လစာအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်သွားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူ (၅၇) ဦးအတွက် ထောက်ပံ့ငွေ  ၂၂၈၀၀၀ဝိ/ ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇံဖြူနှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်အနေဖြင့် မြို့နယ်အတွင်း၌ ရပ်ကွက်ကြီး (၁၄) ရပ်ကွက်ရှိရာ ရပ်ကွက်များအလိုက် ထောက်ပံ့ငွေများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့