မိုင်းရယ်မြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း

မိုင်းရယ် ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးတစ်ဧက တင်းတစ်ရာနှုန်းထွက်ရှိရေး ၁၀ ဧကစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နားခိုမြောက်ကွင်း၊ ကွင်းအမှတ် (၁၇)၊ ဦးပိုင်အမှတ်(၄)၊ တောင်သူ ဦးကိုက်ကျော်ပိုင်စံပြကွက်၌ ပြုလုပ်သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအာင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စံကွက်များကို ရိတ်သိမ်းရာ အောင်နိုင်တိုး(YSR-1)အမျိုးအစား တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း အစို ၁၅၂ ဒသမ ၃၄ တင်း၊ အခြောက် ၁၃၂ ဒသမ ၃၄ တင်း ထွက်ရှိ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)