ဟိုမိန်း ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စာသင်ယူနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူတို့က ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရအောင်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း မှူးရဲအုပ် ထွန်းအောင်ကျော်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးနေ မျိုးလှိုင်တို့က ကျောင်းဥပဓိရုပ်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားသင်ယူနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်