မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မြစ်သား ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြမည့်ဆရာတော်သံဃာတော်များ၊ မြို့နယ် သံဃာ့နာယက သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့မင်းကုန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းပွဲတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်သံဃာ့နာယကသြဝါဒစရိယဆရာတော်များ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများ၊ နဝကမ္မဝထ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)