လဲချား ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ၆၆/၆ အခြားမြို့နယ်၊ ၆၆/၆ မရှိနှင့် (နိုင်)မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၁ ၊၂၊ ၃၊ ၄ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီမှ အလွတ်ကောက်ဖြင့် ကောက်ယူလာသော ၆၆/၆ အခြားမြို့နယ်/ ၆၆/၆ မရှိ နှင့် နိုင်မရှိသူများအား စုစည်း၍
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)