ပြင်ဦးလွင် ဇွန် ၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိမှ ဘက်စုံတော်တဲ့ ပြည်သူတွေအားထားရတဲ့ သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေ၊ ပြည်သူ လူထုအားလုံး၏ ကျန်းမာရေးမြင့်မားတိုးတက်လာစေရန် ကျင့်ဝတ်၊ သိက္ခာ၊ တာဝန်ဝတ္တရားများနှင့်အညီ မွန်မြတ်သောစိတ်ဓာတ်များရှိသော သားဖွားဆရာမကောင်းများဖြစ်ကြပါစေ၊ နိုင်ငံတော်၏အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြတဲ့ ဂုဏ်ယူထိုက်တဲ့ သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းဆုံးမဩဝါဒစကား မြွက်ကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဆုမွန်ကောင်းတောင်း ဆုံးမဩဝါဒစကား မြွက်ကြားခဲ့သည်။
ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိမှ သစ်လွင် သားဖွား ခန့်အပ်လွှာများအား သင်တန်းဆင်း ဆရာမများထံသို့ အသီးသီးပေးအပ်ခဲ့ပြီးနောက် သစ်လွင် သားဖွား ဆရာမများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာ၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)