ဟင်္သာတ ဇွန် ၁
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို မေလ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များနှင့် သင်ကြားပေးခဲ့သည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများက သင်ကြားပေးခဲ့ပါသော ဆရာကြီး၊ဆရာမကြီးများကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ဂါရဝပြု ကန့်တော့ခဲ့ကြပါသည်။
ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးကဩဝါဒစကားချီးမြှင့်ခဲ့ပြီးနောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါသင်တန်းကို မေလ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရက်သတ္တပတ်နှစ်ပတ် ဖွင့်လှစ်ခဲ့ပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ သဘာဝဘေး၊ အင်္ဂလိပ်စာ/မြန်မာစာ စာစီစာကုံးရေးသားနည်း၊ ဥပဒေပညာရပ်များကို သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/သူ (၃၅) ဦး တတ်ရောက်အောင်မြင်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)