ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ Grade-12 သင်ဆ

မြစ်ကြီးနား     ဇွန် ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နေရပ်စွန့်ခွာပြည်သူများအား မိုးမကျမီ အမိုးအကာအောက် နေထိုင်နိုင်ရေးနှင့် စားသောက်မှု အဆင်ပြေစေရေး ကြိုးစား၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်များကိုအတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားရေးနှင့် စိတ်ဓာတ်ခွန်အားပေးရန်လာ ရောက်ခြင်းဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် တာဝန်ရှိသူများက နမ္မတီးမြို့ရှိ အသင်းတော်အသီးသီးနှင့် ဆွေမျိုးနေအိမ်များတွင် ထပ်မံရောက် ရှိလာသော အိမ်‌ထောင်စု (၃၃၄)စု နှင့် ယခင်ရှိပြီးဖြစ်သည့် အိမ်ထောင်စု (၄၉၁)စု စုစုပေါင်း အိမ်ထောင်စု (၈၃၅)စုတို့အတွက် ဆန်အိတ် (၄၆၇)အိတ်၊ ဆီ (၃၄၄) ပိဿာနှင့် ကြက်အူချောင်းဖာ (၄၀၀)တို့အား လည်းကောင်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို လည်းကောင်း၊ ယာယီနေအိမ် အဆောက်အဦ ဆောက်လုပ်သည့် နမ္မတီးသကြားစက်ပိုင် မြေနေရာအတွက် ငွေကျပ် (၅၈) သိန်းကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကအခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးကြသည့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး အထူးကုကွင်းဆင်းဆေးကုသရေးအဖွဲ့နှင့် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း အတွက် ငွေကျပ်သိန်း (၅၀)ကို လည်းကောင်းပေးအပ်ခဲ့ပြီး အလှူရှင်များက ဖောင်ဒေးရှင်းနှင့် ယာယီတိမ်းရှောင် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့သည်။

ထို့နောက် ယာယီတိမ်းရှောင်ပြည်သူများ ကိုယ်စားစခန်းတာဝန်ခံများက လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေး၊ ကျန်းမာရေးနှင့်  လိုအပ်ချက်များအပေါ် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ယာယီခိုလှုံရာ စခန်းအတွက် ခြံဝင်းခတ်ပေးနိုင်ရေး ဝါးဖိုးအဖြစ် ငွေကျပ်သိန်း (၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် အဆိုပါ မြို့တော်ခန်းမအတွင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး အထူးကုကွင်း ဆင်းဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်နယ်အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းနှင့် နမ္မတီးမြို့၊ ဟိုပင်မြို့တို့မှ လူမှုပရဟိတအသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အိမ်ထောင်စုများ၏ မိသားစုဝင်များ၊ သက်ကြီးဘိုးဘွားများ၊ ကလေးများအား အထွေထွေ ရောဂါစစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ပေးအပ်ခြင်းတို့ ဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် နမ္မတီးသကြားစက်ပိုင် ခြံဝင်းမြေဧရိယာ (၂)ဧကခွဲခန့်အတွင်း ယာယီတိမ်းရှောင် မိသားစု (၂၂၀) အတွက် ယာယီခိုလှုံရာ ဝါးကြမ်းခင်း၊ မိုးကာအမိုးဖြင့် ယာယီတဲအိမ်များတည် ဆောက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယာယီနေအိမ်ကြားလမ်း များ သဲကျောက်ခင်းပေးနိုင်ရေး၊ ရေစင်တည်ဆောက်ပေးနိုင်ရေး၊ ရေအိမ်များ လုံလောက်အောင် ဆောက်လုပ်ပေးနိုင်ရေး၊ နေအိမ်များ တည်ဆောက်ပြီးစီးပါက လက်ကျန်မြေဧရိယာများအတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် နမ္မတီးမြို့ မြို့မရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(နမ္မတီး)သို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုမည့် ကျောင်း သား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်ပြင်ဆင် သင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ အား ရင်းရင်းနှီးနှီးတွေ့ဆုံကာ Grade-12 အဆင့်သင် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် စခန်းဝင်ကျောင်းသား/ကျောင်းသူများ အာဟာရထောက်ပံ့မှုစရိတ်အဖြစ် ငွေကျပ်သိန်း (၃၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မြို့လှရပ်ကွက်အတွင်း ပိုင်ရှင်ဦးကျော်၏ နေအိမ်ခြံဝင်းအတွင်း အသားတိုး ဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုးချဲ့မွေးမြူနိုင်ရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီ မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်